Local News

အလားအလာရှိသည့် ပို့ကုန်အမယ်များအား ရှင်းလင်း

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် ဇေယျာကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ၊ ဒေါ်နှင်းပန်းဖြူ (လက်ထောက်ညွှန်ကြားရေးမှူး) က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အလားအလာရှိသော ပို့ကုန်အမယ်များဖြစ်သည့် ကြက်သွန်နီ၊ သနပ်ခါးအမယ်များနှင့် ရတနာပုံကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ၊ ဒေါ်သက်သက်နိုင် (လက်ထောက်ညွှန်ကြားရေးမှူး) က မန္တ‌လေးတိုင်းဒေသကြီးအတွင်းရှိ အလားအလာရှိသော ပို့ကုန်အမယ်များဖြစ်သည့် သဘာဝဆိုးဆေးချည်ထည်များ၊ သရက်သီးတန်ဖိုးမြှင့် ထုတ်ကုန်များအကြောင်းတို့အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

ခင်စန္ဒာ (MYANTRADE)

Category: Local News